ဈေးကွက်ဈေးနှုန်း

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ညွှန်ကြားရေးမှူးချုပ်နှင့် GIZမှ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခြင်း

Last Updated:

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၁ ရက်နေ့၊ နေ့လည် ၂:၀၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ် ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌ ညွှန်ကြားရေး မှူးချုပ်၊ ဒေါ်နော်မူတာကပေါက GIZ မှ Mr. Steffen. grammling ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် Online Meeting ဖြင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် PSD စီမံကိန်းမှ Head of Programme ပြောင်းလဲသည့်အတွက် နှုတ်ဆက်အသိပေးခြင်း၊ စီမံကိန်းဆောင်ရွက်နိုင်ရန် Implementation Agreement ကို လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်နေသည့် အခြေအနေများနှင့် PSD စီမံကိန်းအရ စီမံကိန်းနယ်ပယ်(၄) ခုတွင် ဆက်လက်ဆောင်ရွက် သွားမည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး၊ ဒေါက်တာထိန်လင်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်သီတာဝင်းဌေးနှင့် လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးထက်အောင်ဝင်း တို့ပါဝင်တက်ရောက်ခဲ့ကြပါသည်။

NES Unit